News and Media
English German

New year message sent by President U Htin Kyaw to the people on the Myanmar New year day

Nay Pyi Taw, April 17

On this auspicious occasion, the Myanmar new year, I’d like to wish all Myanmar people throughout the nation, physical and mental wellbeing. In the last few days, everyone has enjoyed the water festival and beginning today, the auspicious new year will begin.

On such a day of significance, I’d first of all like to express words of thanks to citizens for their overwhelming ‘yes’ vote in the November 8, 2015 general elections, which has enabled our government to take over the responsibilities of the State.

I’d also like to express my heartfelt thanks to the voting public for giving me the chance to deliver a new year’s greeting message.

We continue to strive for the release of political prisoners, political activists and students facing political charges and are using the means as prescribed in the constitution and criminal procedures to lift these sentences and to acquit them in the new year period. This is a solution for current cases, and in future, a sustained effort will be made to prevent those who act legally for political causes or for their own conscience from being imprisoned.

We believe everybody is hoping that this new year and in the years to come there will bring many opportunities to enable our nation and our people to reach a higher level politically, economically and socially. However, to be able to utilize these opportunities most effectively and to bring about the best results for the country, our government will be required to exert effort with constant vigil and relentless diligence.

In this function, the citizens are particularly needed to co-operate to ensure success. This being so, in our administration’s effort to implement such policies as national reconciliation, internal peace, emergence of a constitution that aims to establish a democratic federal union and the promotion of the social life of our people for the sake of the country, we would like to earnestly ask you, the voting public, to actively continue to co-operate in your respective sectors, to criticize and point out our discrepancies and fallacies where you see them, and make suggestions as to what ought to be done.

I wish you the best in getting through the new year with new vigour, new strength, and a new mindset and mentality.

I’d also like to express my special delight and appreciation for your satudisa donations and contributions of voluntary labour all over the country, as a warm welcome to the DawAung San SuuKyi led government as it assumes the duties of State.

I wish you all physical and mental well-being.


နိုင်ငံတော်သမ္မတဦးထင်ကျော်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

နေပြည်တော်၊ ဧပြီ ၁၇

နိုင်ငံတော်သူ နိုင်ငံသားများ ခင်ဗျား၊
နှစ်သစ်မင်္ဂလာ အခါသမယမှာ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး ဒီကနေ့က စတင်ကာ မင်္ဂလာရှိသော နှစ်သစ်ကို ဝင်ရောက်ကြတော့မှာဖြစ်ပါတယ်။

ထူးမြတ်တဲ့ဒီလိုနေ့ရက်မှာ နိုင်ငံသူ နိုင်ငံသားများကို ဦးစွာပထမပြောကြား လိုတာကတော့ ကျေးဇူးစကားပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထ ွေရွေးကောက်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ထောက်ခံ ဆန္ဒမဲပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံ့တာဝန် များကို လွှဲပြောင်းရယူနိုင်ခဲ့တာဖြစ်ပြီး ကျွန်တော် ကိုယ်တိုင်လည်း အခုလို နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားခွင့်ရတာဖြစ်လို့ မဲဆန္ဒရှင် ပြည်သူလူထုကြီးကို အထူး လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလို ပါတယ်။

နှစ်သစ်ကူးကာလမှာ နိုင်ငံသားအများပြည်သူ နှစ်ထောင်းအားရရှိစေဖို့အတွက် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရတဲ့ ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေများမှာ ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကာ သူတို့အသီးသီးကျခံနေရတဲ့ ပြစ်ဒဏ်များ၊ စွဲဆိုထားတဲ့အမှုတွေက လွတ်မြောက်စေဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။

ဒါဟာ လတ်တလောကိစ္စရပ်များအတွက် ဖြေရှင်းဆောင်ရွက်တာဖြစ်ပြီး ရှေ့အဖို့မှာလည်း နိုင်ငံရေးအပါအဝင် မိမိတို့ရဲ့ ယုံကြည်ချက်များအတွက် ဥပဒေစည်း မျဉ်းများနဲ့အညီ ကျင့်သုံး ဆောင်ရွက်ကြသူတို့ အကျဉ်းချ ခံရခြင်းဘေးက ကင်းဝေးစေဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခုဆိုရင် ဒီနှစ်သစ်နဲ့ နောင်လာမယ့်နှစ်များဟာ ကျွန်တော်တို့နိုင် ငံနဲ့ ပြည်သူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်စေဖို့ အခွင့်အလမ်းများစွာ သယ်ဆောင်လာမှာ ဖြစ်ကြောင်း အားလုံးက ယုံကြည်စွာဖြင့် မျှော်လင့် စောင့်စားလျက်ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် ဒီအခွင့်အလမ်းတွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အကောင်းဆုံး အကျိုးရလဒ် တွေ ပေါ်ထွက်လာစေဖို့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မပြတ်သော သတိ၊ မလျှော့သော လုံ့လ ဝီရိယနဲ့ ကြိုးပမ်း ဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အောင်မြင်မှုရရှိစေဖို့အတွက် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုလည်း အထူး လိုအပ် ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့အစိုးရကတိုင်းပြည်အကျိုးအတွက်ရည်ရွယ် ချမှတ်ထားတဲ့ မူဝါဒများ ဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူအများစုရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင် အထည်ဖော်ဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့ကို ရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့နေရာ ကဏ္ဍအသီးသီးက ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ချို့ယွင်းချက်များကို ဝေဖန်ထောက်ပြ ခြင်း၊ လုပ်ဆောင် သင့်တာတွေကို အကြံပြု လမ်းညွှန်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တက်ကြွစွာ ဝိုင်းဝန်း ပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်။
နှစ်သစ်ကို ခွန်သစ်အားသစ် စိတ်စေတနာသစ်တွေနဲ့ ဖြတ်သန်းနိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်။

ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင် ထမ်းဆောင်တဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရတစ်ဖွဲ့လုံးကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်သူလူထုတွေက သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး စတုဒိသာ ကျွေးမွေးခဲ့ကြတာ၊ လုပ်အား ဒါန ပြုကြတာတွေအတွက် အထူးပဲ ဝမ်းမြောက်ကျေးဇူးတင်ပြီး အသိအမှတ်ပြုပါတယ် ဆိုတာကို ပြောကြားလိုပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Source: President’s Office

Embassy of the Republic of the Union of Myanmar, Berlin

Embassy of the Republic of the Union of Myanmar
Thielallee 19, 14195, Berlin
Germany.
Ph : (+49) 30 206 1570, Fax : (+49) 30 206 15720
Email : This email address is being protected from spambots. You need JavaScript enabled to view it.
www.meberlin.com