ပြည်ပသို့ တာဝန်ဖြင့်လည်းကောင်း၊ အလည်အပတ်ဖြင့်လည်းကောင်း ခေတ္တရောက်ရှိစဉ်တွင် မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူး လက်မှတ် ပျောက်ဆုံးခြင်း အတွက် မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက် ရယူ၍ တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ကို ကာလ သတ်မှတ်၍ ထုတ်ပေး ပါသည်။ ထိုသို့ ပျောက်ဆုံးခြင်း အတွက် လျှောက်ထားရာတွင် အောက်ပါ အထောက်အထား စာရွက် စာတမ်းများနှင့်အတူ လျှောက်ထား ရပါမည် –

  • မြန်မာနိုင်ငံကူး လက်မှတ် ပျောက်ဆုံးခြင်းနှင့် အသစ် ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ (ပျောက်ဆုံးသည့် ဖြစ်စဉ်၊ အချက်အလက်၊ နေ့ရက်၊ နေရာ စသည်ဖြင့် ပြည့်စုံစွာ ဖော်ပြရပါမည်။)
  • နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ ( Download PDF )
  • နိုင်ငံကူးလက်မှတ် ပျောက်ဆုံးကြောင်း သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားစာနှင့် ရဲစခန်း၏စာ (Police Report)
  • ပျောက်ဆုံးသည့် နိုင်ငံကူးလက်မှတ်မိတ္တူ၊ ဗီဇာအထောက်အထား
  • မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ (သို့) ယာဉ်မောင်းလိုင်စင် မိတ္တူ (သို့) အိမ်ထောင်စု စာရင်း မိတ္တူ)
  • ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ်ခ (Certificate of Identity) ယူရို ၄၀ (40 Euro)

ပြည်ပသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ သိရှိသင့်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်