(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ မှတ်သားရသည်။
အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ “အခွင့်အရေးနှင့် တာဝန်ဝတ္တရား” မူနှင့် သွေဖည်လျက် မြန်မာနိုင်ငံ၏အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်ခြင်းမပြုခဲ့ပါ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဖော်ပြပါထုတ်ပြန်ချက် (မူကြမ်း) အား မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏အမြင်နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှုခဲ့သည်။
သို့ပါ၍ မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသဘော မဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသော ဆုံးဖြတ်ချက်များ ပါရှိသည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ထပ်လောင်း အသိပေး အပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

***************
The Ministry of Foreign Affairs notes “the ASEAN Leaders’ Review and Decision on the implementation of the five-point consensus” issued at the 43rd ASEAN Summit held today in Jakarta, Indonesia.
Myanmar was not represented at the 43rd ASEAN Summit as Myanmar’s rights for equal representation was denied contradicting Article 5 of the ASEAN Charter on “Rights and Obligations”.
Although the ASEAN Chair consulted Myanmar on the draft document, the views and voices of Myanmar are not taken into account.
Therefore, on behalf of the Government of Myanmar, the Ministry rejects the contents of ” the ASEAN Leaders’ Review and Decision on the Implementation of the five-point consensus.” as the reviews are not objective and decisions are bias and one-sided.
The Ministry reiterates its call to the ASEAN Member States to strictly adhere to the provisions and fundamental principles of the ASEAN Charter, especially non-interference in the internal affairs of the member states.

Ministry of Foreign Affairs
Nay Pyi Taw
Date: 5 September 2023