အောက်တိုဘာ ၁၁, ၂၀၂၃
အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများအား အနီးကပ်လေ့လာစောင့်ကြည့်လျက်ရှိပြီး ပဋိပက္ခပိုမိုကြီးထွားလာမှုမဖြစ်စေရေးနှင့် လက်ရှိ ဖြစ်ပွားနေဆဲတင်းမာမှုများကို လျှော့ချရေးတို့အတွက် သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းများ အကြား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်သွားရန် တိုက်တွန်းပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်